Monday, August 1, 2011

Making Music in FL Studio 9 - Part (2) / Intro

ဒီပို့(စ်) နံပါတ် (၂) မှာ ကျနော်တို့က Intro အပိုင်းလေးကိုဘဲ အာရုံစိုက်ပြီး ရေးပါမယ်၊ အောက်ကပုံမှာ ကြည့်ပါ။ Intro ဆိုတဲ့ Marker လေးကို အ၀ါရောင်နဲ့ ညွှန်ထားပြီး Intro အပိုင်းကို အနီရောင် ဘောင်ခတ်ပြထားပါတယ်။



သီချင်းရဲ့ စစချင်းဟာ Piano အသံလေးနဲ့ စပါတယ်။ အဲဒါဟာ ဘားအရေအတွက် စုစုပေါင်း လေးဘား ဖြစ်ပါတယ်။ G, Em, Am, D တို့ဖြစ်ပါတယ်။ ပြီးတော့မှ နောက်ထပ် သုံးဘား G, C, Am, D တို့နဲ့ ဖွဲ့စည်းထားတာပါ။ နောက်ဆုံးဘားကတော့ (Am နဲ့ D) ကတော့ ဘားဝက်စီပါ။ အဲဒီသုံးဘားမှာကျတော့ G ကစပြီး Bass Guitar ပါးပါးလေးကို ထည့်ထားပါတယ်။ ဒါကြောင့် ဒီ Intro လေးကို ခြုံကြည့်ရင် စုစုပေါင်း ခုနှစ်ဘား၊ ပထမ ၄ ဘားက Piano သက်သက်၊ နောက်သုံးဘားမှာ Piano + Bass + String တို့ပါဝင်ပါတယ်။

အဲဒါအတွက် စာရွက်ပေါ်မှာ အကြမ်း ချရေးကြည့်ရင် အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ သီချင်းကို FL ထဲ ထည့်မရေးခင်မှာ Body အကြမ်း စီစဉ်ကြည့်တဲ့ သဘောပါ။



အဲဒီအပေါ်က စာရွက်ထဲ အကြမ်းရေးထားတဲ့ နုတ်စ်တွေအတိုင်း FL မှာ စရေးကြည့်ရအောင်ပါ။

FL အကြောင်းအရင်တုန်းက ပို့စ်တွေမှာ ပါခဲ့ပြီးပါပြီ။ ကိုယ့်သီချင်းရဲ့ အမြန်နှုန်း beat per minute သတ်မှတ်ဖို့ ဖြစ်ပါတယ်။

ဒီသီချင်းဟာ 70 bpm ခန့်ရှိပါတယ်။ ဒါကြောင့် အောက်ပါပုံမှာ အ၀ါရောင် ၀ိုင်းပြထားတဲ့နေရာ Tempo ချိန်တဲ့ ဒိုင်ခွက် အတွင်း မောက်စ်ကိုတင်ပြီး အမဲရောင် အပေါ်အောက် မြှားခေါင်းနှစ်ခုပေါ်တဲ့အချိန် ဖိပြီးဆွဲကစားပါ။ 70 ရောက်ရင်ရပြီ။
Tempo - 70 ချိန်ပြီးပါပြီ။



နောက်တစ်ဆင့်က ကိုယ်စရေးမဲ့ Piano Notes တွေအတွက် Playlist မှာစီထည့်ဖို့ အဲဒီ Playlist ကို F5 နှိပ်ပြီး ခေါ်ပေးပါ။ ဒါမှမဟုတ်ရင် အောက်ပုံ အနီရောင်ပြထားတဲ့နေရာမှာ နှိပ်ပါ။ ပုံမှန်အားဖြင့် FL စဖွင့်ရင် ဒါတွေကရှိပြီးသား Setting တွေဖြစ်ပါတယ်။ FL မှာ Playlist ဆိုတာ မိမိရေးထားတဲ့ Notes အပိုင်းအစတွေကို သွားစီရ မဲ့နေရာ ဖြစ်ပါတယ်။ FL 9 , 10 တို့ရဲ့ Playlist မှာ Pattern 1 ကနေ 999 အထိပါဝင်ပါတယ်။



Playlist မှာ အပေါ်ကနေ အောက်အထိ Pattern တွေမှာ ကိုယ့် Notes ရေးထည့်ဖို့ ဖြစ်ပြီး ဘယ်ကနေညာဘက်ကို ကျတော့ သီချင်း အစကနေ အဆုံး Bar အရေအတွက်အတိုင်း သွားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် Real Time သွားမှာ ဖြစ်ပါတယ်။

အခုသီချင်းရဲ့ Intro မှာ ကျနော်တို့ တူရိယာ ပစ္စည်း သုံးမျိုးကို အခြေခံအားဖြင့် ထည့်မှာဖြစ်ပါတယ်။ အပေါ်က Notes အကြမ်း စာရွက်ကို ပြန်ကြည့်ပါ။ စစချင်း Piano အသံလေးတွေ စထည့်ပါမယ်။ ဒါကြောင့် အခုခေါ်ထားတဲ့ Playlist ရဲ့ ကြိုက်ရာ Pattern တစ်ခုကို Mouse နဲ့ select လုပ်ထားလိုက်ပါ။ ပြီးရင် Mouse Right Click (သို့) F2 နှိပ်ပြီး နာမည်လေး ပြောင်းထားလိုက်ပါမယ်။ မပြောင်းလဲ ရပေမယ့် နောက်ပိုင်း ရှုပ်ထွေးလာနိုင်လို့ပါ။ ကျနော်က ပေါ်လာတဲ့ Rename Box မှာ Intro_FL_Key လို့ ပေးထားလိုက်ပါမယ်။ ဒီသီချင်းရဲ့ Intro အပိုင်း၊ Piano Instrument လို့ အကြမ်း သတ်မှတ်လိုက်တာပါ။

Pattern ရွေးပြီးရင် နောက်လုပ်ရမဲ့ အပိုင်းက ကိုယ်သုံးမဲ့ Instrument ကို ရွေးပြီး သံစဉ်တွေ တနည်းအားဖြင့် Notes တွေ စရေးရမှာပါ။ အဲဒါအတွက် Step Sequencer လို့ ခေါ်တဲ့ ဂီတ တူရိယာ ပစ္စည်းများ စုထားတဲ့ Channel Window ကိုခေါ်ယူပါမယ်။ Keyboard ကနေ F6 သို့မဟုတ် အောက်ပုံပြထားတဲ့အတိုင်း ခေါ်ယူပါ။ ဒါဆိုရင် အ၀ါရောင်နဲ့ ဘောင်ခတ်ထားတဲ့ Step Sequencer ရပါမယ်။



Step Sequencer ဟာ (Default Setting) အနေနဲ့ ဘာ Instrument မှ ပါမှာမဟုတ်ပါဘူး။ Kick, Clap, Hat စသည်ဖြင့် Ready Made Template တွေဘဲ ဖြစ်နေပါမယ်။ ပြီးတော့ F6 နဲ့ခေါ်တယ်ဆိုတာလည်း မမြင်ရမှ ဆိုလိုပါတယ်။ နဂိုရှိပြီးသားဆို မလိုပါဘူး။ အဲဒီ Step Sequencer အကြောင်းအနည်းငယ် တင်ပြဖူးပါတယ်။ ဒီပို့(စ်)တွေမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။ အခုပို့စ်တွေမှာလည်း အချိန်ရရင် ထပ်ပြီး တင်ပြပါမယ်။

ဒီသီချင်းအတွက်တော့ လိုအပ်မယ်ထင်တဲ့ Instrument တွေကို အရင်တုန်းက Template တွေကနေ ကျနော်အဆင်သင့် ကူးထည့်ထားပြီးဖြစ်ပါတယ်။ Piano အတွက် စရေးရအောင်ပါ။ စုစုပေါင်းလေးဘားနဲ့ စစချင်း ကြိုယူထားတဲ့ one beat (one step) ဖြစ်ပါတယ်။ အဲဒါအတွက် Step Sequencer ထဲက LSZ_FL_Key ဆိုတာလေးကို Right Click Select လုပ်ပါ။ Piano Roll ကို ရွေးပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမယ်။





Piano Roll ရရင် အဲဒီအထဲ ကျနော်တို့ Notes တွေ ထည့်ရေးရုံပါဘဲ။ ရေးထည့်တာ မခက်ပါဘူး။ ဒီနေရာမှာ အနည်းငယ် နားလည်ဖို့ လိုတာက Beat တွေနဲ့ သူတို့ရဲ့ တန်ဘိုးတွေပါ။ အပေါ်က နုတ်စ် အကြမ်းမှာတော့ 1,2,3 စသည်ဖြင့် အလွယ် ထည့်ထားပါတယ်။ တကယ်တော့ ဒါတွေဟာ FL မှာဆိုရင် A, B, C, D စသည့်ဖြင့် လွယ်လွယ်လေး ပြောင်းရေး ထည့်နိုင်ပါတယ်။ ဥပမာအားဖြင့် ဖြတ်လမ်းနည်း ပြောရအောင်ပါ။ G-Key မှာ 1 ဆိုတာ(တနည်းအားဖြင့်) "ဒို" နုတ်စ် သည် G ဖြစ်ပြီး 2 ဆိုတာက တနည်းအားဖြင့် "ရေ" နုတ်စ်သည် A ဖြစ်ပါတယ်။ 1-2-3-4-5-6-7 လို့ ရေးထားတာဟာ ဒို-ရေ-မီ-ဖာ-ဆို-လာ-တီ ကို ကိုယ်စားပြုပါတယ်။ FL ထဲမှာဆိုရင် ဒီသီချင်းမှာကျတော့ G-A-B-C-D-E-Gb-G စသည်ဖြင့် သွားပါမယ်။

တကယ်လို့ သီချင်းဟာ Key-C ဆို ပိုတောင် ရှင်းပါသေးတယ်။ 1-2-3-4-5-6-7 (ဒို-ရေ-မီ-ဖာ-ဆို-လာ-တီ) ဟာ C-D-E-F-G-A-B ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အခြေခံ နဲနဲလေး သိထားရုံနဲ့ FL ကိုသုံးရတာ အင်မတန် လွယ်ကူတာ တွေ့ရပါမယ်။ ဒါကြောင့် နုတ်စ်စာရွက်ကို ကြည့်ပြီး FL ထဲက Piano Roll မှာ A-B-C-D .. စသည်ဖြင့် ပြောင်းရေး ကြည့်ရအောင်ပါ။ နောက်တစ်ခု သိထားဖို့ ထပ်လိုပါလိမ့်မယ်။ Beat တွေရဲ့ တန်ဘိုးပါ။ ဒီသီချင်းဟာ 70 bpm အတွင်း တစ်ဘားမှာ ရိုက်ချက် လေးခု (1 bar/4 beat) 4/4 Timing နဲ့ ရိုးရိုးလေးဘဲ ဖြစ်ပါတယ်။ စိတ်ကနေမှတ်ပြီး လိုက်ရေ ကြည့်တဲ့အခါမှာ 1st beat ပေါ်အသံတစ်ထပ်ထဲ ကျခဲ့ရင် on beat ဖြစ်ပြီး 1st beat နဲ့ 2nd beat ကြား ကျတဲ့ အသံမျိုးကျတော့ off beat လို့ ပြောရပါမယ်။

ဒါကိုနောက်တစ်မျိုး စဉ်းစားကြည့်ရအောင်ပါ။ လက်နဲ့ ကိုယ့်ရဲ့ ပေါင်ကို သီချင်းစည်းချက်အတိုင်း မှန်မှန်လေး လိုက်ပုတ် ကြည့်ပါ။ ပေါင်နဲ့ လက်နဲ့ ထိတဲ့အချိန်ဟာ on beat ဖြစ်ပြီး လက်မြောက်သွားတဲ့ အချိန်ဟာ off beat ဖြစ်ပါတယ်။ တခါ ဒုတိယအချက် ပေါင်နဲ့ထိတဲ့အချိန်ဟာ 2nd beat ရဲ့ on beat ဖြစ်ပါလိမ့်မယ်။ တစ်ပုဒ်လုံး ဒီလိုဘဲ စည်းချက်ကျကျ သွားနေတာဖြစ်ပါတယ်။ ကျနော်တို့လို လူပြိန်းများအတွက် အင်မတန်ရိုးရှင်းတဲ့ ဥပမာလေးတစ်ခုပါ။ ဆိုတော့ ဆိုင်ရာ Notes များဟာ ဆိုရာ beat တန်ဘိုးလိုက် သွားရင်းနဲ့ သံစဉ်များ ဖြစ်လာတာပါဘဲ။ နုတ်စ်စာရွက်က ပထမလေးဘားစာကို Piano ထဲမှာ ရေးကြည့်ရင် အောက်ပါပုံအတိုင်း တွေ့ရပါလိမ့်။ ရေးတာကတော့ လွယ်ပါတယ်။ မောက်စ်နဲ့ တစ်ချက်ချင်း ချသွားရုံပါ။
အသေးစိပ် ကတော့ နောက်ပိုင်းမှာ ဆက်ရေးသွားပါမယ်။


Piano Roll ရဲ့ ဘယ်ဘက် Keyboard ပုံပေါ်မှာ Notes တွေပြထားပြီး အ၀ါရောင်နဲ့ တန်ဘိုးများ ရေးပြထားပါတယ်။ အစိမ်းရောင် ဘောင်ဟာ ဒီသီချင်းရဲ့ Intro ပထမ လေးဘားစာ ဖြစ်ပါတယ်။ အစိမ်းရောင်ဘောင်နဲ့ လွတ်နေတဲ့ ရှေ့က သံစဉ် နှစ်ခုဟာ သီချင်ဲးရ စစချင်း ကြိုတင်ယူထားတဲ့ အကွန့်အညွန့်လေးလို့ဘဲ ဆိုပါရစေ။ နုတ်စ်အကြမ်းထဲက တန်ဘိုးများနဲ့ FL ထဲက တန်ဘိုးများ ပြောင်းပြီး၊ သီချင်းကိုလည်း သေချာနားထောင်ကာ လိုက်ရေးကြည့်ပါ။ ပြီးရင် Playlist ထဲမှာ Mouse နဲ့ Left Click တစ်ချက်ချထားလိုက်ပါ။ (နဂို သတ်မှတ်ထားတဲ့ Intro_FL_Key ဆိုတဲ့ Pattern ပေါ်မှာ ဖြစ်နေပါစေ။) ဒါဆိုရင် Playlist ထဲမှာလည်း အတုံးရှည်ရှည် တစ်ခုရလာပါမယ်။ ဒါဟာ ကိုယ်ရေး လိုက်တဲ့ လေးဘားစာ ၀င်စီပြီးသွားပြီလို့ ဆိုလိုပါတယ်။ ပြီးရင် အောက်ပုံထဲက မြားပြထားတဲ့နေရာမှာ Song Mood ရွေးပြီး Play ကြည့်ပါ။ မူရင်း သီချင်းနဲ့ တိုက်ဆိုင်ပြီး အထပ်ထပ် အခါအခါ နားထောင်ကြည့်ပါ။ အသံတန်ဘိုးများ၊ Beat တန်ဘိုး များ မှားယွင်းမှု ရှိမရှိ ပြန်စစ်ဆေးကြည့်ပါ။ နဂို Piano အသံနဲ့ အခု FL ထဲက Intro_FL_Key ဆိုတဲ့ အသံကတော့ ထပ်တူ ထပ်မျှ တူနိုင်မယ် မထင်ပါဘူး။ အနီးစပ်ဆုံးဖြစ်အောင် ချိန်ဆပြီး၊ Mixture ထဲမှာ Effect အချို့ ထည့်ထား တာသာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာ Bass နဲ့ String လေးတွေ ထပ်ထည့်ကြည့်ပါမယ်။



ကျေးဇူးတင်ပါတယ်။


Read more...

Friday, July 22, 2011

Making Music in FL Studio 9 - Part (1)

Online က တချို့သော အပေါင်းအသင်းတွေ ပြောနေတာ ကြာပါပြီ၊ FL Studio ထဲမှာ သီချင်းတစ်ပုဒ်ကို အစကနေ အဆုံးထိ နားလည်လွယ်ပြီး လွယ်ကူအောင် ဘယ်လို ဘယ်ပုံ ရေးရမယ်၊ ဖန်တီးရမယ်ဆိုတာလေး ဖြစ်နိုင်ရင် ပြန်ရေးပေးပါလို့ ဆိုတဲ့အတွက် ကြိုးစားပြီးတော့ အခန်းဆက် လေ့ကျင့်ခဏ်းလေးတွေနဲ့ ပြန်ရေးတယ် ဆိုပါတော့။ နှစ်ခု သုံးခု၊ လေးငါးခုလောက်တော့ ကြိုတင် ၀န်ခံထားပါရစေ။ ကျနော် FL ကို သုံးသူသက်သက်ပါ။ ဂီတပညာသည် မဟုတ်ရပါဘူး။ FL သုံးသူ အမည်ခံဆိုငြားလည်း ထဲထဲဝင်ဝင်လည်း မသိပါဘူး။ ခုနောက်ဆုံးထွက်တဲ့ Ver 10 ဆိုရင် Playlist မှာ Pattern ရှာမရဘဲ Mixture က Track Line တွေဘဲ ပြနေလို့ ရွာလည်နေတာ ကြာပါပြီ။ ဒါကြောင့်မို့ FL 9 မှာဘဲ ဂိတ်ဆုံးပြီး ဘ၀တုံးရမယ်ထင်ပါရဲ့။ ပြီးတော့ ဒီပို့စ် ဟာ စလေ့လာကာစ ညီငယ် ညီမငယ်များ အတွက်သာ ဖြစ်ပါတယ်။ ဆရာ့ ဆရာကြီးများအတွက် မဟုတ်ပါဘူး။ အဲဒီအဆင့် တတ်လည်း မတတ်ပါဘူးခင်ဗျာ။

ထားလိုက်ပါ။ အခု ကျနော် မှီငြမ်းဖို့ သီချင်းတစ်ပုဒ် တင်ပေးထားပါတယ်။ ဒီလေ့ကျင့်ခဏ်းအတွက် ဒီသီချင်းကိုဘဲ Ref လုပ်ကြ တာပေါ့။ ခက်တာက သီချင်းနာမယ် မသိဘူး။ အဆိုတော်က အယ်လ်ဆိုင်းဇီပါ။ သူနဲ့က တော်တော် အကျိုးပေးရှာတယ်။ ပြီးတော့ လွယ်တယ်ခင်ဗျ။ ဟိုတလောက အငြိမ့်ခွေတစ်ခွေမှာ လူရွှင်တော်က ဒီသီချင်းပြက်ပြီး နာမယ်ပေးသွားပါတယ်။

“ မယားငယ်သီချင်း ” တဲ့။ မူရင်းနာမယ် တကယ်မသိလို့ပါ။ မယားငယ်သီချင်းလို့ ဘဲ ပြောကြပါစို့။

ဒီမှာ အရင်ယူလိုက်ပါ။ သီချင်းကို သေသေချာချာ နားနှစ်ဘက်လုံး ဖွင့်ပြီးနားထောင်ပါ။ နားထောင်နေတဲ့ အချိန် ခြင်လာကိုက်တောင် မရိုက်ပါနဲ့၊ အမေခေါ်ခိုင်းလည်း မကြားချင်ယောင်ဆောင်နေပါ။ အဆူခံရရင် ကျနော့်တာဝန်မဟုတ်။


ပြီးရင် အဲဒီသီချင်းကို နုတ်အကြမ်းရေးထားတဲ့ အောက်က Scan ပုံမှာ ကြည့်ပြီး သေသေချာချာ သဘောပေါက်အောင် လေ့လာ ကြပါမယ်။ လွယ်လွယ်လေးပါ။





ဒီနေရာမှာ တစ်ခုထပ်ပြောစရာ ရှိပါတယ်။ ဘာလို့ သူများသီချင်းတွေ ပြန်တီးနေတာလဲ ဆိုတော့ ဒီ FL သုံးပြီး မိမိကိုယ်ပိုင် Creation တွေ မလုပ်ခင်မှာ FL ကို ရင်းနှီးပြီး သူ့သဘောသဘာဝကို နားလည်သွားအောင် သီချင်း အဟောင်းတွေနဲ့ စမ်းသပ်ကြည့်ဖို့ ရည်ရွယ်ပါတယ်။ နဂိုဂီတအခံလေး ရှိခဲ့ရင် Fl ကိုကိုယ်က ကြိုက်သလို ခိုင်းနိုင်ပါတယ်ဆိုတာ ပြောချင်လို့ပါ။

မိမိကိုယ်ပိုင်ဘဲ စဖန်တီးမှာဆိုရင်တော့ ဒီပို့စ်က အသုံးဝင်မယ်မထင်ဘူး။

ဒီ မယားငယ်သီချင်း ဖွဲ့စည်းပုံကို နဲနဲလောက်လေ့လာကြည့်ရအောင်။ သိပ်ရိုးရှင်းပါတယ်။ သီချင်းကိုနားထောင်ကြည့်တဲ့အခါ မူရင်း Key က G ဖြစ်ပါတယ်။ တစ်ပိုဒ်ချင်း နားထောင်ပြီး Bar တွေ ချရေး ကြည့်တဲ့အခါ စုစုပေါင်း Intro Piano ကနေ ကနေ နောက်ဆုံး ဘားအထိ စုစုပေါင်း 75 ဘားရှိပါတယ်။ ဒီသီချင်းလေးက လွယ်ပါတယ်။ ဒါကြောင့် နဲနဲ အပင်ပန်းခံပြီးတော့ ကြိုးစားနားထောင်ပြီး လိုက်ရေကြည့်ပါ။ ဒါဆိုရင် နောက်ပိုင်း ကိုယ့်ဘာသာကိုယ် အသစ်တွေ ဖန်တီးတော့မယ်ဆို ဒီအလေ့အကျင့်တွေက နဲနဲတော့ အထောက် အကူ ပြုနိုင်ပါလိမ့်မယ်။

နောက်တစ်ခုက သီချင်းရဲ့ Key ပါ။ ဆရာ့ဆရာတွေက နားထောင်တာနဲ့ ဘာကီးလဲ သိပါလိမ့်မယ်။ FL Crazy လည်း.. အဲ.. မသိပါဘူးခင်ဗျာ။ (ပြောပြီးပြီလေ .. ) ကျနော် FL Studio ဖွင့်ထားပါတယ်။ ဒီမယားငယ်သီချင်းလည်း ဖွင့်ထားပါ တယ်။ FL Studio ထဲက Bass သံတစ်သံ ယူပြီးတော့ ထောက်ကြည့်ပါတယ်။ G သံမှ G သံစစ်စစ်ပါ။ သမင်သံ လုံးဝ မဟုတ်ပါဘူး။ ကဲ .. ဘယ်လောက်လွယ်လဲလို့ ..။
(နောက်တာပါ .. တစ်သံတည်းနဲ့တော့ ဘယ်သိပါ့မလဲ .. ခုနကပြောသလို နားထောင်ရည်ဝဖို့ လိုတယ်၊ မသေချာလို့ ကျနော် Boo Bass ကြီးဖွင့်ပြီးတော့ တစ်ပုဒ်လုံး လိုက်မြည်းကြည့်ပါတယ်။ Computer Keyboard က Z = C , X = D , C = E .., စသည့်ဖြင့် တစ်ပုဒ်လုံး ဖွင့်ထားပြီး လိုက်ထောက်ကြည့်ပါ။ အလေ့အကျင့်များရင် ခဏပါဘဲ။ ကိုယ့်ဘာသာကို ကိုယ့်သီချင်း ကိုယ်လုပ်မှာဆို ဒါတွေမလိုဘူး။)

နောက်တစ်ခု သီချင်းရဲ့ Tempo ပါ။ အမြန်နှုန်း.. တစ်နာရီ ဘယ်နှစ်ကီလိုလဲ မဟုတ်ဘူး။ တစ်မိနစ်မှာ ရိုက်ချက် ဘယ်နှစ်ခါ လဲဆိုတာ သိထားသင့်ပါတယ်။ ဟိုးအရင်တုန်းက ဒီဘလော့ရဲ့ ရှေ့ပိုင်းတစ်နေရာမှာ ရေးဖူးပါတယ်။ အများအားဖြင့် သီချင်းတွေမှာ 4/4, 3/4, 6/8 timing စသည်ဖြင့်ရှိကြပါတယ်။ ခုမယားငယ် သီချင်းက လူမသိအောင်ဆိုရတော့ နဲနဲရှာရခက်ပါတယ်။ :)

Beat per Minut (bpm) လို့ခေါ်တဲ့ တစ်မိနစ် ရိုက်ချက် စုစုပေါင်း 70 ခန့်ရှိတဲ့ 4/4 ဖြစ်ပါတယ်။

ကိုယ့်ဘာသာကိုယ် တီးမယ်ဆို ဂစ်တာနဲ့ အရင် ဖီလင်လာသလို ဆိုကြည့်ခေါက်ကြည့်ပါ။ အဲဒီခေါက်ထားတဲ့ နှုန်းအတိုင်းဟာ FL မှာပြန်စစ်လို့ရပါတယ်။

ခု ဒီသီချင်းလည်း FL မှာ ဘဲ ပြန်စစ်ထားတာပါ။ 70 ရှိပါတယ်။ လူကြီးမင်းတို့ လေ့ကျင့်ခဏ်း အနေနဲ့ လိုက်လုပ်ကြည့်ပါ။ ဒီပို့စ်မှာ မရေးတော့ပါဘူး ဒီနေရာမှာ စိတ်ရှည်ရှည်ထားပြီး ပြန်ကြည့်နိုင်ပါတယ်။

FL ကိုချဉ်းကပ်ပုံ နှစ်မျိုး


လောလောဆယ် ကျနော် ဒီလိုဘဲ အကြမ်းပေးထားလိုက်ပါမယ်၊ FL မှာ ဂီတ ဖန်တီးမှု အဆင့်တွေ မြောက်များစွာရှိပါတယ်။ အခြေခံ နှုတ်စ် ကို Piano Roll မှာ စရေး၊ ပြီးတော့ Playlist မှာစီထည့်၊ ပြီးရင် Mixture ထဲပို့ Mixing လုပ်ပြီး၊ Mixdown လုပ်၊ Render ချလိုက်ရင် ကိုယ်လိုတဲ့ Format ရလာတာပါဘဲ၊ ဥပမာ mp3, WAV စသည်ဖြင့်ပေါ့။

အဲဒီတော့ Mixture ထဲ အသံကာလာ အတိုးအကျယ်တွေ မချိန်ရသေးခင်မှာ သီချင်းရဲ့ Body တစ်ခုံးကို ရေးနေရတာ၊ စီနေရတာဟာ တခါတလေ သိပ်ဖီးလ်မလာဘူး၊ ဘာလို့လဲ .. အသံတွေက ထုံအအ၊ မှိုင်းတိုင်းတိုင်း၊ သီချင်းနဲ့ သိပ်မတူ သလိုဘဲ၊ ဒါပေမယ့် အဲဒီလိုဘဲ စတင်ခဲ့တာပါဘဲ။

အခု ဒီမယားငယ်သီချင်းကျတော့ ကျနော် အသံ ကာလာတွေကို ကြိုစီစဉ်ထားပါတယ်။ တနည်းအားဖြင့် Instrument တွေကို Mixture ထဲ ကြိုပို့ထားပါတယ်၊ ပြီးတော့မှ Notes တွေ ရေးပါတယ်။ စမ်းကြည့်တာပါ။ ဒါကြောင့်မို့ လောလောဆယ် Volume တွေ မမှန်၊ (ကာလာလည်း လုံးဝအမှန်ကြီး၊ အကြိုက်ကြီးတော့ မဟုတ်) သေးပေမယ့်၊ သီချင်းကို ကြိုပြီးတော့ အကြိမ်ကြိမ် နားထောင်ထားတဲ့ အတွက် သီချင်းမှာ ပါလာတဲ့ အသံကာလာတွေကို အတတ်နိုင်ဆုံး တူအောင် ကြိုးစားရာမှာ ပိုလွယ်ကူမှု ရှိလာနိုင်မယ်၊ ပိုပြီးတော့ Notes ရေးရတာ Feel ရှိမယ်ထင်လို့ပါ။

အခု ဒီနေရာမှာ Bar 75 ခုလုံးကို သူ့ အကန့်နဲ့ သူစီထားတဲ့ FL Program (LSZ_WIP_01) ကို Download လုပ်ထား လိုက်ပါ။ FL Ver 9 နဲ့ဆိုရင် အိုကေမယ်၊ Ver နိမ့်တာဖြစ်ဖြစ် မြင့်တာ ဖြစ်ဖြစ် ဟိုတောင်း ဒီပြော လုပ်ချင်လုပ်နိုင်မယ်။

မူရင်းသီချင်းကို ဘယ်လိုပြန်စီသလဲ ဆိုတာ အပေါ်က အကြမ်းရေးထားတဲ့ Body နှစ်ရွက်ကို နှိုင်းယှဉ်မှီငြမ်း ပြီး ဆက်ရေးသွားပါမယ်။
ပြီးတော့ ခု File ကို ကျနော်တို့ သနပ်ခါး ဆက်လိမ်းကြမယ်။

ဒီနေ့တော့ ဒီမှာ နားထားဦးမယ်၊ နောက် သုံးလေးရက်လောက်မှ ပြန်လာတာပေါ့ခင်ဗျာ။

ကျေးဇူးတင်ပါတယ်။


Read more...

Friday, June 3, 2011

FL Studio 10 Producer Edition



FL Studio 10 ကို ဒီနေရာမှာ ရယူနိုင်ပါတယ်။

Download Link


ZIP File (adgn1114.zip) ကိုဖြည်လိုက်ရင် flstudio_10.0.2.exe နဲ့ flstudio_10.0.2_crack.exe ဆိုပြီး နှစ်ဖိုင်ရပါမယ်။

flstudio_10.0.2.exe ကို အရင် run လိုက်ပါ။ demo version ရပါမယ်။ Program ခဏပိတ်လိုက်ပါ။ ပြီးရင် ဒုတိယ flstudio_10.0.2_crack.exe ကို run ပါ။ ပေါ်လာတဲ့အတိုင်း install လုပ်သွားမယ်ဆိုရင် FL Studio Producer Edition ရပါပြီ။
မနားမနေ တီးပေတော့ဗျာ။

download link က ရက်အနဲငယ်အတွင်း ပြတ်ပြုတ်သွားဖွယ်ရှိလို့ မြန်နိုင်သမျှ မြန်မြန် ယူထားစေလိုပါတယ်။




Read more...

Monday, April 4, 2011

FL Studio (Piano Roll)

Piano Roll မှာ Note ရေးနည်းကို လေ့လာနိုင်ပါတယ်။


Piano Roll


Read more...

Thursday, March 31, 2011

FL Studio (Playlist Editor and Piano Roll Editor)

FL Studio ရဲ့ Notes များစတင်ရေးသားရာ Piano Roll Editor နဲ့ ကိုယ်ရေးထားတဲ့ Notes Pattern များ စီထည့်ရာ Playlist Editor အကြောင်း .. ဒေါင်းလည်း ဒေါင်း.. ကြည့်လည်း ကြည့်နိုင်ပါတယ်။


Piano Roll Editor


video

Playlist Editor

video


Click here to Download Piano Roll Editor

Click here to Download Playlist Editor


Read more...